အမျိုးသမီး များကို ပညာတတ်အောင်လုပ်ပေးရမယ်ဆိုတဲ့ စိတ်ကူးဟာ ကမ္ဘာ မှာပေါ်ထွက်ခဲ့သမျှ စိတ်ကူး တွေထဲကအကောင်းဆုံးတခုပါပဲ။ အမျိုးသမီးတွေပညာတတ်တဲ့အခါ ၊ လူမှုဝန်းကျင် ကို အံ့သြဖွယ်ကောင်းလောက်အောင် ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ ကျား၊မ လုပ်သားအင်အား ညီမျှမှုရှိလာတဲ့အပြင် ၊ ပြသနာတွေကို ပိုမိုဖြေရှင်းနိုင်မယ် ၊ ပိုမိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မယ်။ ပညာတတ်တဲ့အမျိုးသမီးတွေဟာ ကလေးယူမှုနှုန်း ပိုမိုနည်းလာမယ် ၊ ကလေးတွေရဲ့ အသက်ရှင်မှုနှုန်းပိုမိုမြင့်တက်လာမယ်။ ကလေး တဦးအတွက် ပိုပြီး အချိန် နဲ့ အင်အား တွေကို ပိုမိုနှစ်မြှပ် ပျိုးထောင်နိုင်မယ်။ ပညာရေးဟာ လူမှုအသိုင်းအ၀ိုင်း တခုလုံးကို တခါတည်း ပြုပြင်ပြောင်းလဲပစ်နိုင်တဲ့ အရာပါ။ -------------------------- ------------------- Hans Rosling ရဲ့ Factfulness စာအုပ်မှ ကောက်နှုတ်ချက် တခုကိုဘာသာပြန်မျှဝေတာဖြစ်ပါတယ်။ စာရေးသူ ဟာ အခုလက်ရှိ ဒီစာအုပ်ကိုဖတ်ဖြစ်ပြီး အလျင်းသင့်သလို ဒီလို အတွေးအခေါ်ကောက်နှုတ်ချက်တွေ ကိုဖော်ပြပေးသွားပါမယ်။ လာရောက်ဖတ်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ် Unicode အမျိုးသမီးများနှင့်ပညာရေး အမျိုးသမီး များကို ပညာတတ်အောင်လုပ်ပေးရမယ်...